Fade into Mazzy Star


“Fade into you” – Mazzy Star
ဘာရယ်မဟုတ် မနေ့ညက သူငယ်ချင်းနဲ့ youtube ကနေ သီချင်းတွေ စိတ်လိုလက်ရနားထောင်ဖြစ်တယ်။

သူ့ (အကြိုက်)သီချင်းတွေ သူဖွင့်ပြတော့ Mazzy Star အကြောင်းတဖွဖွပြောရင်း ဒီသီချင်းနားထောင်ဖြစ်ကြတာပဲ။
သူက ဒီအဖွဲ့က ရှက်သလိုလို အရေးမစိုက်သလိုဆိုတဲ့ Hope Sandoval ကိုသဘောကျတယ်။

ကိုယ်ကတော့ ရေဒီယိုနားထောင်လွန်းလို့သာ ဒီသီချင်းနဲ့ ရင်းနှီးရတာ ၊

Mazzy Star ကိုမသိခဲ့ဘူး။

ဒီသီချင်းကို 1992 မှာ ထုတ်တဲ့ ” So tonight that I might see” မှာ ထည့်သွင်းထုတ်လုပ်တယ်။

ဒီသီချင်းနဲ့  Mazzy Star ကို လူသိများ/လူကြိုက်များတယ်။

တီးဝိုင်းစထောင်တဲ့ သူDavid Robackကတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကပဲ ဆုံးသွားခဲ့ပြီ။

 

 

#mazzystar
#fadeintoyou

#radio6

#alternative