Smalltown Boy


Bronski Beat အဖွဲ့ဟာ synthesizer ပေါ့ပ် (သို့) တက်ခ်နိုပေါ့ပ် ဂီတအမျိုးအစား တီးခတ်သီဆိုတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အပြင် အဖွဲ့ဝင်တွေအားလုံး ဂေး(Gay)ဖြစ်ကြောင်း တရားဝင်ထုတ်ဖေါ်အသိပေးထားတဲ့ စကော့တလန်တီးဝိုင်းအဖွဲ့လည်းဖြစ်တယ် ။

သူတို့ရဲ့ သီချင်းစာသားတွေက ဂေးအကြောင်းဖွဲ့နွဲ့တဲ့  စာသားတွေအများစုပါပဲ။ Smalltown boy သီချင်းဟာ ၈၀ခုနှစ်များမှာ ဂေးဖြစ်တဲ့ လူငယ်လေးတစ်ယောက် သူ့ရဲ့ မြို့ငယ်လေးမှာ  ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းရတဲ့ အကြောင်း သီချင်းဖြစ်တယ်။ ဒီသီချင်းဟာ ၈၀ ခုနှစ်များရဲ့ ဂေးအသိုင်းအဝိုင်းတွေကြားထဲမှာရော ရောင်းပန်းအရပါ အောင်မြင်မှုရှိခဲ့တဲ့ သီချင်းဖြစ်ခဲ့တယ်။

 

Heaven Or Las Vegas


I want to love a boy that won’t love me….. 😛

( အမှန်က I want to love, I’ve all the wrong glory)

 

Elizabeth Fraser ရဲ့ အသံကို ” the voice of God” လို့တင်စားကြတယ် ၊

ရိုးရှင်းတဲ့ သီချင်းစာသားကို တခြားဘာသာစကားဆန်ဆန် ဆိုဟန်နဲ့ abstract mouth music ဆိုဟန်က သူ့ရဲ့ထူးခြားတဲ့ ဆိုဟန်ဖြစ်တယ်။Cocteau Twins အဖွဲ့ရဲ့ သီချင်းအများစုကိုနားထောင်ကြည့်ရင်မှာ ဒီဆိုဟန်တွေ တွေ့ရမှာဖြစ်တယ်။ သူ့အသံက ဂန္တဝင်သီချင်းတွေဆိုနိုင်တဲ့အသံမြင့် (soprano) ဖြစ်သတဲ့။ ဝမ်းနည်းစရာက ၁၉၉၇ ကတည်းက အဖွဲ့ ပြိုကွဲသွားခဲ့ပါပြီ။ ၂၀၀၅ခုနှစ် Coachella မှာ အဖွဲ့ပြန်လည်ပေါင်းစည်းဖျော်ဖြေဖို့ ကြေငြာပြီးမှ Liz Fraser ငြင်းဆိုလို့ ပျက်ပြားခဲ့ရပါတယ်။

ခေတ်စား/ခေတ်ဆန်/ခေတ်အမှီ သီချင်းများကို ငြီးငွေ့သူအတွက် အဆက်မပြတ် နားထောင်နေဖြစ်တဲ့ bandတဖွဲ့ ပါပဲ။

#cocteautwins #elizabethfraser #heavenorlasvegas

Heaven Or Las Vegas – 1990

Fade into Mazzy Star


“Fade into you” – Mazzy Star
ဘာရယ်မဟုတ် မနေ့ညက သူငယ်ချင်းနဲ့ youtube ကနေ သီချင်းတွေ စိတ်လိုလက်ရနားထောင်ဖြစ်တယ်။

သူ့ (အကြိုက်)သီချင်းတွေ သူဖွင့်ပြတော့ Mazzy Star အကြောင်းတဖွဖွပြောရင်း ဒီသီချင်းနားထောင်ဖြစ်ကြတာပဲ။
သူက ဒီအဖွဲ့က ရှက်သလိုလို အရေးမစိုက်သလိုဆိုတဲ့ Hope Sandoval ကိုသဘောကျတယ်။

ကိုယ်ကတော့ ရေဒီယိုနားထောင်လွန်းလို့သာ ဒီသီချင်းနဲ့ ရင်းနှီးရတာ ၊

Mazzy Star ကိုမသိခဲ့ဘူး။

ဒီသီချင်းကို 1992 မှာ ထုတ်တဲ့ ” So tonight that I might see” မှာ ထည့်သွင်းထုတ်လုပ်တယ်။

ဒီသီချင်းနဲ့  Mazzy Star ကို လူသိများ/လူကြိုက်များတယ်။

တီးဝိုင်းစထောင်တဲ့ သူDavid Robackကတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကပဲ ဆုံးသွားခဲ့ပြီ။

 

 

#mazzystar
#fadeintoyou

#radio6

#alternative

 

walking around the seine


2014 August

အဲ့ဒီနေ့က ရာသီဥတု သာယာသလိုပါပဲ….

မနက်ထပြီး ယောင်ခြာခြာနဲ့  Musee du Louvre ဆီရောက်ပြန်တယ်

ကွင်းပြင်ကိုဖြတ်ကျော်ပီး ဆိမ်းမြစ်အတိုင်း ဦးတည်ရာမရှိပဲ လျှောက်သွားတယ်…

after drinking “milk”…….


အဲဒီနေ့က လပြည့်ည

2014 August လ က နေ့တစ်နေ့ပါပဲ…..

အဲဒီနေ့ က တိမ်ထူတယ်


အဲဒီနေ့က နေပူတယ်

ကိုယ်ဘာမှမပြောင်းရပဲ ဖောင့်ပြောင်းသွားတယ်

Do i really exist?


ဆန်းဒေး နှင့် တနင်လာ

မနက်ထတယ်…

ရေချိုးတယ်…အလုပ်တက်တယ်….

ည၁၀နာရီ အလုပ်သိမ်း…

နွားနို့ များတဲ့ ည (မို့ ပို့ စ်တင်)


ဒီလိုနဲ့ ဆက်လက်ရှေ့ချီနေတုန်း…နေပွင့်လာတယ်ပေါ့..
တွေ့ ကြတဲ့အတိုင်း parisian lifestyle နေပူကျဲတဲမှာ နေလောင်ခံနေကြတယ်
ရေကန်ဘေးမှာ….လမ်းဘေးတလျှောက်မှာ ခုံတွေချပေးထားတယ်..
ကိုယ်လည်း တမေ့တမောထိုင်ငိုင်ခဲ့တယ်…စာအုပ်ဖတ်တယ်…မြေပုံကြည့်တယ်…ရေသောက်တယ်
ငေးမောတယ်…ငိုင်တွေခဲ့တယ်…
နောက်မှ ဆက်ရေးမယ်..၊၊
..နွားနို့ တွေ သိပ်များနေတယ်..အခု ၊၊

မီးခိုးရောင် ၂ ရက်


လမ်းမှန်ကိုရောက်ပြီး….
ဆက်လက်ချီတက်သော်….
ဦးတည်ရာဆီ ရောက်၏ ၊၊

နောက်တစ်ရက်…
မီးခိုးရောင်ကောင်းကင်နဲ့ ပဲ
louvre ဆီသွားတယ် ၊၊
အပြင်ဖက်မှာ ဝေ့လည်လည် ဟိုလျှောက် ဒီလျှောက် …
ပါလာတဲ့ ဆင်းဒဝှစ်ခ်ျ ထုတ်စား (ဟန်းဖုန်းမှ ပုံများ ပျက်စီး)
ဘေးက ခုံတန်းတွေမှာ ထိုင်ပြီး တိုးရစ်စ်တွေဆီငေးမော….
ခုံတန်းမှာထိုင်နေတဲ့ ခရီးသွားတွေနဲ့ စကားစမြည်ပြော….
သူ့ အေကြာင်းကိုယ့်အကြောင်း ဖလှယ်…
ကလေးတွေ ကစားနေတာထိုင်ကြည့်…
louvreထဲကို မဝင်တော့ဘူး…
ဟော…ဟိုမှာမြင်နေရတဲ့ carrousel archဖက် လျှောက်သွားမယ်…။