Smalltown Boy


Bronski Beat အဖွဲ့ဟာ synthesizer ပေါ့ပ် (သို့) တက်ခ်နိုပေါ့ပ် ဂီတအမျိုးအစား တီးခတ်သီဆိုတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အပြင် အဖွဲ့ဝင်တွေအားလုံး ဂေး(Gay)ဖြစ်ကြောင်း တရားဝင်ထုတ်ဖေါ်အသိပေးထားတဲ့ စကော့တလန်တီးဝိုင်းအဖွဲ့လည်းဖြစ်တယ် ။

သူတို့ရဲ့ သီချင်းစာသားတွေက ဂေးအကြောင်းဖွဲ့နွဲ့တဲ့  စာသားတွေအများစုပါပဲ။ Smalltown boy သီချင်းဟာ ၈၀ခုနှစ်များမှာ ဂေးဖြစ်တဲ့ လူငယ်လေးတစ်ယောက် သူ့ရဲ့ မြို့ငယ်လေးမှာ  ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းရတဲ့ အကြောင်း သီချင်းဖြစ်တယ်။ ဒီသီချင်းဟာ ၈၀ ခုနှစ်များရဲ့ ဂေးအသိုင်းအဝိုင်းတွေကြားထဲမှာရော ရောင်းပန်းအရပါ အောင်မြင်မှုရှိခဲ့တဲ့ သီချင်းဖြစ်ခဲ့တယ်။